top of page

Community led Resilience Action Consortium (CRAC)

လူထုစွမ်းဆောင်ရည်မြှင့်တင်ခြင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့

Community led Resilience Action Consortium (CRAC) Background (CRAC သမိုင်းကြောင်း)

လူထုအခြေပြု မူးယစ်ဆေး၀ါးကင်းစင်ရေး တုံ့ပြန်ဆောင်ရွက်မှု အကျိုးတူပူးပေါင်းအဖွဲ့  (CDRC)ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် Alinn Bamaw, HI, Nam Shani, Htoi San, LCD and Pon Yate အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းခဲ့ပါသည်။ CDRC အနေဖြင့် ကချင်ပြည်နယ်၏ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ ပူတာအိုခရိုင် နှင့် ဗန်းမော်ခရိုင် တို့တွင် မူးယစ်ဆေး၀ါးပြသာနာကို အတူတကွ ပူးပေါင်းဖြေရှင်းလျော့ချနိုင်ရန်နှင့် USAID grant ဖြစ်သည့် (United Action for Drug Free Society (UADFS) စီမံကိန်းကို (၂၀၂၂-၂၀၂၄)အထိ ၃ နှစ်ကျော် ပူးပေါင်း အကောင်အထည်ဖော် လုပ်ဆောင်နိုင်ခဲ့ပါသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် အဖွဲ့ဝင်များအနေဖြင့် ဒေသ၏ ဖြစ်တည်နေမှု အခြေအနေများကို သုံးသပ်ပြီး လိုအပ်ချက်အရ မူးယစ်ဆေးဝါ ပြသာနာအပြင် လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကူညီကယ်ဆယ်ရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့် ဥတုရာသီ ပြောင်းလဲခြင်းဆိုင်ရာ ပြသာနာများ လျော့ချရေး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ လျော့ချရေး၊ အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေအခွင့်အလမ်းများဆိုင်ရာမြင့်တင်ခြင်း၊ ဒေသလူထု၏ အခွင့်အရေးများ မြင့်တင်နိုင်ရန်၊ သုတေသနနှင့် အရေးဆိုပန်ကြားခြင်းလုပ်ငန်းများကို ပိုမိုကျယ်ပြန့်စွာ ပူပေါင်းလုပ်ဆောင်နိုင်ရန်အတွက် အဖွဲ့ဝင်များ အားလုံး၏ သဘောတူညီချက်ဖြင့်  (Community-Led Drug Response Consortium) CDRC မှ Community led Resilience Action Consortium (CRAC) အဖြစ်သို့ နာမည်ပြောင်းလဲ ခေါ်တွင်ခဲ့ပါသည်။

၁) မျှော်မှန်းချက်

  • လူထုသည် အချင်းချင်းတန်ဖိုးထားပြီး ငြိမ်းချမ်းလုံခြုံခြင်း၊ ရေရှည်တည်တံ့သော လူမှုအသိုက်အဝန်းနှင့် သဘာဝပတ်ဝန်းကျင် သဟဇတဖြစ်သည့် အခြေအနေကို ရရှိပိုင်ဆိုင်နေမည်။

 

၂) ပန်းတိုင်

(က) အရပ်ဖက်အဖွဲ့အစည်းများ၏ စုဖွဲ့မှု ပိုမိုအားကောင်းပြီး ရေရှည်ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုဖြစ်နေမည်။

(ခ) အရပ်ဖက်အဖွဲ့အစည်းများသည် လိုအပ်သော အရင်းအမြစ်ရှာဖွေစုဆောင်းခြင်းနှင့် လူထုစွမ်းဆောင်ရည်မြှင့်တင်ခြင်းအစီအစဉ်များကို ထိရောက်စွာဆောင်ရွက်နေမည်။

(ဂ) လူထုသည် ၎င်းတို့၏ ပြသာနာ အခက်အခဲများကို မိမိတို့ကိုယ်တိုင် စုပေါင်း ဦးဆောင်ဖြေရှင်းနိုင်နေမည်။

 

(၃) စံတန်ဖိုးထားမှုများ

  • အချင်းချင်း အပြန်အလှန်လေးစားမှုရှိခြင်း။

  • ပွင့်လင်းမြင်သာမှုရှိခြင်း။

  • တန်းတူအခွင့်အရေးရှိခြင်း။

  • အပြန်အလှန်ပူးပေါင်းလုပ်ဆောင်မှုရှိခြင်း။

  • လူ့အခွင့်အရေးနှင့်အညီ စာနာထောက်ထားမှုဖြင့် ဆောင်ရွက်ခြင်း။

  • အရင်းအမြစ်မျှ‌‌‌‌‌ဝေသုံးစွဲမှုရှိခြင်း။

© 2025 by CRAC. All rights reserved.

bottom of page